Strategy Icon-01.png

သုတေသနအပေါ်အခြေခံသော မူဝါဒများရေးဆွဲခြင်း

ထင်မြင်ယူဆချက်အပေါ်အခြေခံခြင်းထက် ယုံကြည်စိတ်ချရသော သုတေသနတွေ့ရှိချက်များ၊ သုံးသပ်ချက်များအား အခြေခံ၍ မူဝါဒများချမှတ်ခြင်း။


နိုင်ငံတော်မှ လက်ရှိအကောင်အထည်ဖော်နေသော အစီအစဉ်များအပေါ်သင်ခန်းစာယူ၍ အနာဂါတ်မူဝါဒများချမှတ်ခြင်း။


အပြန်အလှန်ဆွေးနွေးခြင်းအားဖြင့် အဖွဲ့အစည်းများ၏ မူဝါဒအရ ကွဲပြားမှုများအား ပေါင်းကူးပေးခြင်း။


အရေးကြီးသောမူဝါဒနယ်ပယ်များအတွက် မတူညီသောအဖွဲ့ပေါင်းစုံ၏စုပေါင်းဆောင်ရွက်ခြင်းကိုမြှင့်တင်ခြင်း။

Problemsolving Icon-01.png

ပြဿနာ၏ အဖြေကိုရှေးရှုသော မဟာဗျူဟာများချမှတ်ခြင်း

ပြည်သူ့ရေးရာ ပြဿနာများကို အမျှော်အမြင်ရှိရှိပန်းတိုင်သို့ ရှေးရှု၍ဖြေရှင်းခြင်း။

လက်ရှိရင်ဆိုင်နေရသော ပြဿနာနှင့် အခြေအနေများကိုသုံးသပ်ပြီး လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်မည့်စီမံချက်များရေးဆွဲထားခြင်း။


ပြဿနာများကို ဖြေရှင်းရန်ကျွမ်းကျင်မှု၊ အရည်အချင်း၊ အတွေ့အကြုံနှင့်အရင်းအမြစ်များပိုင်ဆိုင်ခြင်း။

System Icon-01.png

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် စနစ်တည်ဆောက်ခြင်း

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုကောင်းမွန်လာစေခြင်း။

လူတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားပြီး ရလဒ်ကောင်းများ ရရှိနိုင်စေခြင်း။

အရေးပါသော လုပ်ငန်းများအတွက် အာရုံစူးစိုက်နိုင်စေခြင်း။

ပြည်သူများ၏မျှော်လင့်ချက်များကို ပြည့်မီအောင်ဆောင်ရွက်နိုင်ခြင်း။

စည်းစနစ်ရှိခြင်းဖြင့် စိန်ခေါ်မှုများ၊ ပြဿနာများကို အချိန်မှီ ဖြေရှင်းနိုင်ခြင်း နှင့် အသုံးစရိတ်များ ထိရောက်စွာ အသုံးချနိုင်ကာ ခြိုးခြံချွေတာနိုင်ခြင်း။

အဖွဲ့ဝင်အသစ်များ အဖွဲ့အစည်းများအတွင်း လျင်မြန်စွာပါဝင်ဆောင်ရွက်နိုင်ခြင်း။

အကြံဉာဏ်အသစ်များ ပေါ်ပေါက်နိုင်ခြင်းနှင့် အကောင်အထည်ဖော်နိုင်ခြင်း။