Contour Background 1-01.png

2020 a&G;aumufyJG aMunmpmwrf;

2_edited.jpg

vlxkb0vufiif; jr§ifhwifay;rnfh
wu,fh'Drdkua&pD

“တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲ့ဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေး အဆင့်အတန်းကို အခွင့်အရေး တန်းတူရနိုင်တဲ့ အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့်        ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်” 

ဗိုလ်ချုပ်အောင်ဆန်း
မေလ (၁၉) ရက်၊ ၁၉၄၇ ခုနှစ်၊ ဂျူဗလီဟော 
တိုင်းပြုပြည်ပြု လွှတ်တော်အတွက်

ပဏာမပြင်ဆင်မှု ညီလာခံမိန့်ခွန်း

Temples in Sunseet

ဗိုလ်ချုပ်၏ ဆိုရန်တိုဗီလာ မိန့်ခွန်း

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့

ကျွန်တော်တို့ ဘာကို လိုချင်သလဲလို့ ဆိုလျှင် နှစ်ရှည်လများ ဆိုင်းမနေရဘဲ အကျိုးခံစားရမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တရပ်ကို ဖန်တီးရေးဆွဲဖို့ လိုပါသည်။ ဤကဲ့သို့သော လုပ်ငန်းစဉ်မျိုးကို အထူးလိုအပ်သည်ဆိုသည့် အကြောင်းကို ကိုယ့်ပတ်ဝန်းကျင်ကို လှည့်ကြည့်လျှင် သိပါလိမ့်မည်။ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း တွေ့ကြုံခံစား

နေရသည့် များလှစွာသော အချက်များမှာ ပတ်ပတ်လည်ဝိုင်းနေသည့် ပြဿနာအမျိုးမျိုးနှင့်ပတ်သက်ပြီး

အားလျှော့စိတ် ပေါက်နေဆဲပင်ဖြစ်ပါသည်။ ဤကဲ့သို့ဖြစ်နေကြရသည်မှာ တိုင်းသူပြည်သားများသည် မိမိတို့ ကြီးပွားရေး တိုးတက်ရေးလမ်းစကို တီထွင်ဖို့ ပျင်းနေကြလို့၊ စိတ်မပါကြလို့ မဟုတ်ပါဘူး။ ဤကဲ့သို့ ဖြစ်နေရခြင်းမှာ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ လျာထားချက်များကို ရှေ့ဆောင်ပြီး လုပ်ဖို့ရန်မှာ အစိုးရ၏ တာဝန်ဖြစ်သည်ဟု

လူတိုင်းလိုလို သဘောပိုက်တတ်ကြသည့်အတွက် ဖြစ်ပါသည်။