Contour Background 1-01.png

Privacy Policy

နောက်ဆုံးပြဌာန်းသည့်ရက်: ၃၁.၈.၂၀၂၀

ကျွန်ုပ်တို့သည် သင်ပါတီဝင်အဖြစ်လျှောက်ထားသည့်အချိန်တွင်ဖြစ်စေ၊ Volunteer အဖြစ်ပါဝင်လိုသောအချိန်တွင် ဖြစ်စေ သင့်ထံမှ ကိုယ်ရေးအချက်အလက်များ တောင်းခံရလေ့ရှိပါသည်။ ထိုအချက်အလက်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ပါတီမှ ဆက်လက်လုပ်ဆောင်ချက်များအပေါ် ယခုကဏ္ဍတွင် ဖော်ပြသွားပါမည်။

ထိုအချက်အလက်အသုံးချမှုကဏ္ဍသည် အချိန်ကာလပေါ်မူတည်၍ ထပ်တိုးပြဌာန်းချက်များ ရှိလာနိုင်ပါသည်။ ကျွန်ုပ်တို့မှလည်း နောက်ဆုံးပြင်ဆင်ပြဌာန်းသည့်ရက်စွဲကို စာမျက်နှာ၏ ထိပ်ဆုံးတွင် ဖော်ပြထားမည်ဖြစ်ပါသည်။ ထပ်တိုးအချက်အလက်များအားလည်း သိသာထင်ရှားစွာ ဖော်ပြပေးသွားပါမည်။ 

သင့်ထံမှ အချက်အလက်များ

သင်ပါတီဝင်ရန်လျှောက်ထားသောအခါတွင် သင့်ထံမှ အခြေခံကိုယ်ရေးအချက်အလက်များ၊ နောက်ကြောင်းရာဇဝင်များ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ စီးပွားရေးလုပ်ငန်းများ၊ ပါတီဟောင်းရှိခဲ့လျှင် နှုတ်ထွက်ပြီးကြောင်း စသည့်အကြောင်းအရာများနှင့် အချက်အလက်များကို ရယူပါမည်။ 

ဗော်လံတီယာ ပါဝင်လိုသောအခါတွင် သင့်ဆီမှ အခြေခံကိုယ်ရေးအချက်အလက်များနှင့် (လိုအပ်ပါက) ကိုယ်ရေးရာဇဝင်၊ ကျန်းမာရေးအချက်အလက်ကို တောင်းယူပါမည်။

လှူဒါန်းလိုသောအခါတွင် သင့်ထံမှ အခြေခံကိုယ်ရေးအချက်အလက်များ၊ နိုင်ငံရေးနောက်ကြောင်းရာဇဝင်၊ (လိုအပ်ပါက) ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်တို့ကို တောင်းယူပါမည်။

အခြားလိုအပ်သောနေရာများတွင် သင့်ထံမှ အခြေခံကိုယ်ရေးအချက်အလက်များကို တောင်းယူပါမည်။

ပြန်လည်အသုံးချသည့်နေရာများ

သင့်ထံမှ ရရှိသော အချက်အလက်များကို အောက်ပါနေရာများတွင် အသုံးချပါသည်။

  • ပါတီဝင် စီစစ်ရာတွင် အသုံးပြုရန်

  • နိုင်ငံရေးနောက်ကြောင်းရာဇဝင်များကို စီစစ်ရန်

  • ပါတီဝင်အဖြစ်လျှောက်ထားပါက ပိုင်ဆိုင်မှုအချက်အလက်များ စီစစ်ရန်

  • နောက်ကြောင်းရာဇဝင်မှန်ကန်မှု ရှိမရှိ စီစစ်ရန်

  • ကျန်းမာရေး အချက်အလက်များကို စီစစ်ရန်

  • ပါတီဝင်အဖြစ်လက်ခံပြီးပါက သင့်အား ဆက်သွယ်ရန်နှင့် ပါတီဝင်အချင်းချင်း ရင်းနှီးမှုရစေမည့်ရစေမည့်နေရာများ

  • သင့်အား E-newsletter များ၊ ပါတီအကြောင်း information များ ပေးပို့ရာတွင် အသုံးပြုရန်

  • ရွေးကောက်ပွဲအချက်အလက်များပေးပို့ရာတွင် အသုံးပြုရန်

  • Feedback ပြန်လည်တောင်းခံရာတွင် ဆက်သွယ်ရန်

  • သင့်တောင်းဆိုချက်များအား ဆောင်ရွက်ပေးနိုင်ပါက အလျင်အမြန်ဖြည့်ဆည်းပေးနိုင်ရန်

သင့်အချက်အလက်များကို မျှဝေပေးသော အခြားအဖွဲ့အစည်းများ

ကျွန်ုပ်တို့သည် သင့်ထံမှရရှိသောအချက်အလက်များအား များသောအားဖြင့် သိုသိပ်စွာ ထိန်းသိမ်းထားလေ့ရှိပါသည်။ သို့သော် အချို့သောအခြေအနေများတွင် အခြားသောအဖွဲ့အစည်းများအား မျှဝေပေးရလေ့ရှိပါသည်။

သင်လှူဒါန်းသော သင့်ထံမှ တောင်းယူသောအချက်အလက်များကို ထိန်းသိမ်းထားလိုက်ပြီး ရွေးကောက်ပွဲကော်မရှင်မှ မေးမြန်းသောအခါများတွင် ပြန်လည်မျှဝေရလေ့ရှိပါသည်။ 

သင့်အား ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ပြီးပါက သင့်၏ အချက်အလက်များကို ရွေးကောက်ပွဲကော်မရှင်အား တင်ပြသောအခါများတွင် သင့်အချက်အလက်များကို ပြန်လည်အသုံးပြုရပါသည်။ 

ချိတ်ဆက်ထားသော အခြား IT Platforms များ

ယခုကျွန်ုပ်တို့ website နှင့် ချိတ်ဆက်ထားသော အခြား IT platform များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Wix

Facebook

Messenger

Youtube

Adobe

Google

ပါဝင်ကူညီရန်